မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 24, 2017

ဂါးရက်ဘေးလ် ရီးရဲမက်ဒရစ် အသင်းကနေ ထွက်ခွာဖွယ် ရှိနေ


ရီးရဲ မက်ဒရစ် အသင်း အနေနဲ့ မိုနာကို တိုက်စစ်မှုး မက်ပီကို aခ်ါယူနိုင် ခဲ့မယ် ဆိုပါက ရီးရဲ မက်ဒရစ် ကွင်းလယ် ဂါရက်ဘေးလ် ဟာ အပြောင်း အရွှေ ကာလ အတွင်း အသင်းကနေ ထွက်ခွာဖို့ အလားလာ များနေ ပါတယ်။ ရီးရဲ မက်ဒရစ် ဟာ မက်ပီကို aခ်ါယူနိုင်ဖို့ အတွက် အရှိန်မြင့် ကြိုးပမ်း aနပြီး ရီးရဲ မက်ဒရစ် ဥက္ကဌ ပီရက်ဇ် နဲ့ နည်းပြ ဇီဒန်းတို့ ဟာ မက်ပီနဲ့ လျှိုဝှက် ဆွေးနွေး မှုတွေ ရှိနေ တယ်လို့ ပြင်သစ် သတင်းစာက ဖော်ပြ ပါတယ်။ ဘေးလ် ထွက်ခွာမယ်ဆိုတဲ့အချက် ဟာ မန်ယူအသင်းနဲ့ နည်းပြမော်ရင်ဟိုကိုခေါ်ယူဖို့တပ်လှန်လိုက်တာဖြစ်ပြီး ခေါ်ယူရေးအတွက် ကြိုးပမ်းလာဖွယ် ရှိနေ ပါတယ်။ ဂါးရက်ဘေးလ် ဟာ ၂၀၁၃ ခုနှစ်က စပါးစ့်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းဆီ ပြောင်းရွေခဲ့တာဖြစ်ပြီး ရီးရဲမက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ် ချန်ပီယံဆု၊ လာလီဂါအမှတ်ပေး ချန်ပီယံဆုတွေအပြင် ချန်ပီယံဆုတွေ အများပြားရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် အသင်းအနေနဲ့ မက်ပီကိုခေါ်ယူနိုင်ဖို့ ကမ္ဘာစံချိန်တင်ဈေးပေးပြီးကမ်းလှမ်းဖွယ်ရှိနေရာ ခေါ်ယူနိုင်ဖို့အခွင့်ရေးများနေတယ်လို့ စပိန်သတင်းတွေကဖော်ပြပါတယ်။ From : Myanmar Cable News Originally published at - http://www.mcntv.biz/news/international-news/39918/

No comments:

Post a Comment