
မန်ယူ နည်းပြ မော်ရင်ဟိုကို ရီးရဲလ် မက်ဒရစ်မှာ နည်းပြ လုပ်ခဲ့စဉ်က အခွန်ငွေ aပးဖို့ ပျက်ကွက် ခဲ့တယ် ဆိုပြီး စပိန် တာဝန်ရှိ သူတွေက ဇွန်လ ၂၀ ရက်နေ့မှာ စွပ်စွဲ လိုက်ပါတယ်။
ရီးရဲလ် အသင်း နည်းပြ တာဝန်ယူ ခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၃ အတွင်း ပေါင် ၃ သန်းလောက် အခွန်ရှောင် ခဲ့တယ်လို့ စွပ်စွဲ ထားပြီး တရား သူကြီးရဲ့ ဆုံးဖြတ် ချက်ကို ခံရတော့မှာ ဖြစ်ပါတယ်။
မော်ရင်ဟို အနေနဲ့တော့ အခုစွပ်စွဲချက် အပေါ် တုံ့ပြန်တာ မရှိသေး ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၁၁ ကနေ ၂၀၁၄ အတွင်း အခွန် ပေါင် ၁၃ သန်း တိမ်းရှောင်ခဲ့တယ်လို့ မက်ဒရစ်မြို့ အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။
စီရော်နယ်ဒိုအနေနဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး အခွန်ရှောင်တိမ်းတယ်လို့ စွပ်စွဲခံရမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီလည်း အခွန်ရှောင်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်ချမှတ်တာ ခံထားရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/213631
 









 
 
 
No comments:
Post a Comment