
နာမည်ကြီး UFC လက်ဝှေ့ သမား မက်ဂရီဂေါ်ဟာ သန်မာ တောင့်တင်းတဲ့ ပြိုင်ဘက် တဦး ဖြစ်တယ်လို့ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ မေဝယ်လ်သာက ပြောကြား လိုက်ပါတယ်။
ကမ္ဘာ့ လက်ဝှေ့ လောကမှာ ရှုံးပွဲ မရှိသေးတဲ့ မေလ်ဝယ်သာနဲ့ MMA လို့ခေါ်တဲ့ ကိုယ်ခံ ပညာ ပေါင်းစုံ တိုက်ခိုက်မှု ပြိုင်ပွဲ ကမ္ဘာ့ ချန်ပီယံ မက်ဂရီဂေါ်တို့ဟာ လာမယ့် သြဂုတ် ၂၆ ရက်မှာ ထိုးသတ် ကြမှာပါ။
အသက် ၄၀ ရှိ မေဝယ်လ်သာဟာ ၄၉ ပွဲဆက် ရှုံးပွဲ မရှိနဲ့ ကမ္ဘာ့ ချန်ပီယံ ရရှိထားသူ ဖြစ်ပြီး အသက် ၂၈ နှစ်ရှိ အိုင်ယာလန် နိုင်ငံသား မက်ဂရီဂေါ်ကတော့ ၂၁ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့် ထားပါတယ်။
သူတို့ ၂ ယောက်ရဲ့ ထိုးသတ်ကြေးဟာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ နီးပါး ရှိမယ်လို့ ခန့်မှန်း ရပြီးတော့ လက်စ်ဗီးဂတ်စ် မြို့မှာရှိတဲ့ T-Mobile ကွင်းကြီးမှာ ထိုးသတ် သွားကြမှာပဲ ဖြစ်ပါတယ်။
ဒီပွဲဟာ ကမ္ဘာ့ အကောင်းဆုံး လက်ဝှေ့ပွဲ ဖြစ်လာနိုင်ပြီး မက်ဂရီဂေါ် အနေနဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်လာနိုင်တဲ့ အခွင့်အရေး ဖြစ်တယ်လို့ UFC ဥက္ကဋ္ဌ ဒန်နာဝှိုက်က ပြောဆို ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/213621

No comments:
Post a Comment