
မြန်မာ ကရာတေးဒို အားကစား အဖွဲ့ အနေနဲ့ Thailand Open ပြိုင်ပွဲ အပြီးမှာ ကစား သမားတွေရဲ့လက်ရည် တိုးတက် လာတာကို တွေ့ခဲ့ရ တာကြောင့် လာမယ့် ဆီးဂိမ်းမှာ ဆုတံဆိပ် ပိုမိုမျှော်မှန်း နိုင်မယ်လို့ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းဇော်က ပြောပါတယ်။
မြန်မာကရာတေးဒို အားကစားအဖွဲ့အနေနဲ့ အရင်က ကကွက်ပြိုင်ပွဲတွေမှာ အားနည်းခဲ့ပေမယ့် အခုအချိန်မှာတော့ ဆုတံဆိပ်မျှော်မှန်းနိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း လာမယ့် မလေးရှားဆီးဂိမ်းဟာ Clean Sports မဖြစ်ဘဲ Politic ဆန်တဲ့ ပြိုင်ပွဲဖြစ်နေတာကြောင့် တနည်းအားဖြင့် အိမ်ရှင်နိုင်ငံကပဲ ဆုတံဆိပ် ရရှိဖို့ ကြိုးပမ်းနေတဲ့ပြိုင်ပွဲ ဖြစ်တာကြောင့် ဆုတံဆိပ်တွေကို အတိအကျ မျှော်မှန်းမထားနိုင်ဘူးလို့ ဒေါက်တာဝင်းဇော်က ဆက်လက်ပြောပါတယ်။
မြန်မာကရာတေးဒိုအားကစားအဖွဲ့ဟာ အီရန်၊ မလေးရှားနဲ့ အင်ဒိုနီးရှား အစရှိတဲ့နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Thailand Open ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီးတော့ ရွှေ ၃ ခု၊ ငွေ ၁ ခုနဲ့ ကြေး ၆ ဆု ရရှိခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။
မလေးရှားဆီးဂိမ်းမှာ ဆုတံဆိပ်ရရှိရေးအတွက် အဓိက ယှဉ်ပြိုင်ရမယ့် အသင်းတွေကတော့ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်အသင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - MKF
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203513





No comments:
Post a Comment