
မန်စီးတီး တိုက်စစ်မှူး အဂွေရိုဟာ နှာခေါင်း မကျိုးခဲ့ သလို ခေါင်းလည်း မကွဲခဲ့ တာကြောင့် ဖယ်လိုင်နီ အနေနဲ့ အနီကတ် အပြ မခံရ သင့်ကြောင်း မန်ယူ နည်းပြ မော်ရင်ဟိုက ပြောကြား လိုက်ပါတယ်။
“အဂွေရိုကို လိုဏ်ခေါင်း ထဲမှာ တွေ့ပါတယ်။ နှာခေါင်းလည်း မကျိုး သလို ခေါင်းလည်း မကွဲပါဘူး။ နောက်ပြီးတော့ အဂွေရို နေရာမှာ တခြား ကစားသမား ဆို ခုလို မဖြစ်ပါဘူး။ အဂွေရိုဟာ ပါးနပ် ပြီးတော့ သူ့ရဲ့အပြု အမူကြောင့် အနီကတ် ပြခံရတာ ဖြစ်တယ်” လို့ မော်ရင်ဟိုက ပြောပါတယ်။
မနေ့ညက ကစားတဲ့ မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ ပွဲကစားချိန် ၈၄ မိနစ်မှာ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီက မန်စီးတီးတိုက်စစ်မှူး အဂွေရိုကို ခေါင်းနဲ့တိုက်လိုက်တာကြောင့် အနီကတ်ပြခံခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ သူတို့အသင်းဟာ တပွဲလုံး အသာစီးရပြီး ကစားနိုင်ခဲ့ပေမယ့် သရေရလဒ်တော့ မလိုချင်ခဲ့ပါဘူး။
လက်ရှိအချိန်မှာ အဆင့် ၄ နေရာက မန်စီးတီးအသင်းအနေနဲ့ မစ်ဒယ်ဘရော့၊ ပဲလေ့စ်၊ လက်စတာ၊ ဝက်စ်ဘရွန်း၊ ဝတ်ဖို့ဒ်အသင်းတွေနဲ့ကစားဖို့ ကျန်ရှိနေပြီး မန်ယူအသင်းနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203756

No comments:
Post a Comment