
ဇန်နဝါရီ ၈ ရက်ညက ယှဉ်ပြိုင်တဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်မှာ ချဲလ်ဆီး အသင်းက အင်္ဂလန်လိဂ် ဝမ်းကလပ် ပီတာဘရော့ ယူနိုက်တက်ကို ၄ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နောက် တဆင့် တက်သွား ပါတယ်။
ချဲလ်ဆီးဟာ ဒီပွဲမှာ အရန်ကစား သမား တချို့ ပွဲထွက် အသုံးပြု ခဲ့ပေမယ့် လိဂ်ဝမ်း ကလပ်ကို ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန်သွင်း ခွင့်တွေမှာပါ အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးနဲ့အတူ ပထမပွဲထွက် ကစားသမားအဖြစ် ပြန်လည်ပါဝင်လာခဲ့တဲ့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ပွဲချိန် ၆၇ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ၁၈ မိနစ်နဲ့ ၇၅ မိနစ်မှာ ပက်ဒရို၊ ၄၃ မိနစ်မှာ ဘတ်ရှူးအာယီနဲ့ ၅၂ မိနစ်မှာ ဝီလီယံစ်တို့က သွင်းယူပေးခဲ့ပါတယ်။
ပီတာဘရော့အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ မှာ နစ်ခိုးလ်စ်က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ပက်ဒရိုကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/183216

No comments:
Post a Comment