မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, January 9, 2017

ချာရတီဖလားပွဲတွင် မကွေးက ရတနာပုံကို ၃ ဂိုး ဂိုးမရှိဖြင့် နိုင်




ဇန်နဝါရီ ၈ ရက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ချာရတီ ဖလားပွဲမှာ မကွေး အသင်းက ရတနာပုံ အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပါတယ်။

လိဂ်ချန်ပီယံ ရတနာပုံ အသင်းမှာ အောင်သူ၊ ရဲကိုဦး၊ ရန်ပိုင်၊ လှိုင်းဘိုဘိုတို့နဲ့ အတူ နိုင်ငံခြားသား ကစားသမားတွေနဲ့ လူစုံပွဲထွက် ကစားခဲ့ ပါတယ်။

မကွေးအသင်းမှာလည်း နိုင်ငံခြားသား ကစားသမား ၃ ဦးနဲ့အတူ လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ နန္ဒကျော်တို့နဲ့ ပွဲထွက်ကစားခဲ့ပါတယ်။

ရတနာပုံအသင်းအနေနဲ့ တိုက်စစ်က ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း လျှင်မြန်တဲ့ မကွေးတိုက်စစ်ဆင် ထိုးဖောက်မှုတွေကို မထိန်းနိုင်ခဲ့တာကြောင့် ၃ ဂိုးပြတ် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

မကွေးအသင်းအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ရရှိခဲ့တာဖြစ်ပြီး ဆယ်လာက ၂ ဂိုး၊ မောင်မောင်စိုးက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချာရတီဖလားပြိုင်ပွဲကို ၂၀၁၆ မြန်မာနေရှင်လိဂ်ချန်ပီယံနဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားစေတာဖြစ်ပြီး ရရှိလာတဲ့ ကွင်းဝင်ကြေးတွေကို လူမှုရေးအဖွဲ့အစည်းတွေဆီ လှူဒါန်းခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ရရှိတဲ့ ကွင်းဝင်ကြေးနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းမှု စုစုပေါင်း သိန်း ၉၀ ရရှိခဲ့ပြီး လူမှုရေးအကျိုးပြု အဖွဲ့အစည်းတွေကို ခွဲဝေလှူဒါန်းခဲ့ပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/183197

No comments:

Post a Comment