
ဇန်နဝါရီ ၈ ရက်ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးက အက်စ်တွန်ဗီလာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲ ပထမပိုင်းမှာ စပါး အသင်းဟာ ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ပြီး ဦးဆောင် ဂိုးကို ၇၁ မိနစ်ကျမှ ဒါဘီးစ်က သွင်းယူပါတယ်။
ဒီပွဲမှာ စပါးအသင်းဟာ အရန်အများစုနဲ့ ကစားသွား ပေမယ့်လည်း ခြေအသာနဲ့ ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။
ဒုတိယဂိုးကို တိုက်စစ်မှူး ဆွန်ဟိုင်မင်းက မိနစ် ၈၀ မှာ သွင်းယူ ပါတယ်။
ဒီပွဲမှာ ဆွန်ဟိုင်မင်း ခြေစွမ်းပြက စားနိုင်လို့ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိသွား ပါတယ်။ ဒီပွဲနိုင်လို့ စပါးစ်အသင်း အက်ဖ်အေဖလား စတုတ္ထ အဆင့်ကို တက်လှမ်း သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/183194





No comments:
Post a Comment