
ရတနာပုံ အသင်း တိုက်စစ်မှူး ရှိုင်းသူရက ထိုင်း ပထမတန်း ကလပ် ဆာမက်ဆာခွန်အသင်းကို သုံးလအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားသွားမယ်လို့ ရတနာပုံအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
‘‘ရှိုင်းသူရက ဒီနှစ်မှာ မြန်မာ လိဂ်-၁၀ ပွဲပယ်ပြစ်ဒဏ် ချမှတ် ထားခံရတော့ သူ့အနေနဲ့ ကစား ခွင့်မရဘူး။ ဒါကြောင့် အသင်းပိုင် ရှင်ကအငှားချဖို့ ဆုံးဖြတ်ခဲ့တယ်။ ထိုင်းကလပ်က သူ့ကို အငှားခေါ် ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတဲ့အတွက်သူ့ကို သုံးလအငှားချ သွားမှာပါ’’လို့ ရတနာပုံအသင်း တာဝန်ရှိသူက ပြောပါတယ်။
၂၀၁၇ မြန်မာလိဂ်ပွဲစဉ်(၁) ရတနာပုံနဲ့ ချင်းယူနိုက်တက်ပွဲမှာ ရှိုင်းသူရက ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက် ဆောင့်တွန်းပြီး ဆဲဆိုခဲ့တာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒဏ်ငွေ ကျပ်ငါးသိန်းနဲ့ ၁၀ ပွဲပယ် ပြစ်ဒဏ်ချ မှတ်ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။
ရှိုင်းသူရက ဆာမက်ဆာခွန်အသင်းမှာ လစာကန်ဒေါ် လာ ၃,၅၀၀ ရရှိမှာဖြစ်ပြီး အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထိုင်းနိုင်ငံကို ထွက်ခွာမှာ ဖြစ်တယ်လို့ သိရပါတယ်။
‘‘အခုလို ပွဲပယ်ခံထားရတဲ့အချိန်မှာ ပြည်ပကလပ်အသင်းက ကမ်းလှမ်းလာတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ အသင်း တာဝန်ရှိသူတွေကိုလည်း ကျေးဇူး တင်ပါတယ်။
ပွဲပယ်ခံ ထားရတဲ့အချိန်မှာ အတွေ့အကြုံကောင်းရဖို့ ပြည်ပကလပ်အသင်းမှာ သွားရောက်ကစားခွင့်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်’’လို့ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် ပဏာမ မြန်မာယူ-၂၂ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ ရှိုင်းသူရက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ကောင်းဆက်နိုင်က ဆာမက်ဆာခွန်အသင်းကို တစ်ရာသီကြာ သွားရောက်ကစားခဲ့ဘူးပါတယ်။
Source : 7DayDaily
Photos : MFF
From : Duwun by WL
Originally published at - http://www.duwun.com.mm/sports/local/-id6267206.html

No comments:
Post a Comment