
ခရစ္စတယ် ပဲလေ့စ် အသင်းက လီဗာပူး တိုက်စစ်မှူး ဘန်တီကီကို ခေါ်ယူဖို့ ကမ်းလှမ်း လိုက်ပေမယ့် ပယ်ချ ခံခဲ့ရ ပါတယ်။
ခရစ္စတယ် ပဲလေ့စ် အသင်းက ဘန်တီကီကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ လီဗာပူးကို ကမ်းလှမ်း ခဲ့တာပါ။
အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူးဟာ နည်းပြသစ် ဂျာဂင် ကလော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ထဲမှာ ရောက်လာပြီး နောက်ပိုင်း ၈ ပွဲပဲ ကစားခွင့် ရထား ပါတယ်။
တိုက်စစ်မှူး ဘန်တီကီဟာ ၂၀၁၅ မှာ ပေါင် ၃၂ သန်းကျော်နဲ့ လီဗာပူးကို ရောက်ရှိ လာတာပါ။
သူကတော့ နည်းပြသစ်ရဲ့ အနာဂတ် အစီအစဉ်မှာ မပါရင် အသင်းပြောင်းမယ်လို့ ပြောဆို ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164426





No comments:
Post a Comment