
စပိန် လာလီဂါ လက်ရှိ ချန်ပီယံ ဘာစီလိုနာ အသင်းက ဆီဗီလား အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင် ရပြီး ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ဂိုးမရှိနဲ့ စပိန် စူပါဖလားကို ရရှိ သွားပါတယ်။
ပထမ အကျော့ပွဲစဉ် အဝေး ကွင်းမှာ ဘာစီလိုနာက ဆီဗီလားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ ထားတာ ဖြစ်ပါတယ်။
ပထမပိုင်း ၁၀ မိနစ်မှာ ဘာစီလိုနာ အလယ်တန်း ကစားသမား အာဒါတူရန်က မက်ဆီရဲ့ ပေးပို့မှု ကနေတဆင့် အဖွင့်ဂိုး သွင်းယူပေး ပါတယ်။
၃၃ မိနစ်မှာ ဆီဗီလားအသင်းက ပင်နယ်တီရရှိခဲ့ပေမယ့် ဘာစီလိုနာဂိုးသမားက ကာကွယ်သွားနိုင်ပါတယ်။
ဒုတိယပိုင်း ၄၇ မိနစ်မှာ တူရန်က ဒုတိယဂိုးနဲ့ ၅၆ မိနစ်မှာ မက်ဆီက ခေါင်းတိုက်ပြီး တတိယဂိုး သွင်းယူပေးသွားတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာအသင်းက စူပါဖလားကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164396

No comments:
Post a Comment