မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, August 20, 2016

မန်ယူက ဆောက်သမ်ပတန်ကို ၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဆောက်သမ် ပတန်ကို ၂-၀ နဲ့ အနိုင် ရရှိ သွားပါတယ်။

ဒီနေ့ပွဲမှာ မန်ယူက ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ၀ယ်ယူ ထားတဲ့ အလယ်တန်း ကစားသမား ပေါ့ဘာလည်း ပါဝင် ကစား ခဲ့ပါတယ်။

မန်ယူ အသင်းဟာ အီဗရာဟင် မိုဗစ်ကို အထောင် ထားပြီး ၄-၂-၃-၁ နဲ့ ပွဲထွက် ကစားခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်း အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး အီဗရာဟင် မိုဗစ်က သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။

ပထမဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ အသင်းခေါင်းဆောင် ရွန်နီ ဂိုးရှေ့ဖြတ် တင်ပေးတဲ့ ဘောလုံးကို မိုဗစ်က ခေါင်းတိုက် သွင်းယူ ခဲ့တာဖြစ် ပါတယ်။ ဒုတိယဂိုး ကိုတော့ ဒုတိယပိုင်း ၅၂ မိနစ်မှာ ပင်နယ်တီက တဆင့် သွင်းယူ ခဲ့တာဖြစ် ပါတယ်။

ဒီနေ့ပွဲမှာ မန်ယူအသင်းက အိမ်ကွင်းမှာ ကစားခဲ့တာ ဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဆောက်သမ်ပတန်က ပိုများခဲ့ပြီး ဂိုးကန်သွင်း ခွင့်မှာလည်း ဆောက်သမ် ပတန်က ပိုမို ရရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစ နှစ်ပွဲလုံး အနိုင်ရရှိခဲ့ပြီး ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဆောက်သမ်ပတန်ကတော့ ၂ ပွဲကစားပြီး တပွဲရှုံး၊ တပွဲသရေ ရမှတ် ၁ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/164715

No comments:

Post a Comment