
ဝက်စ်ဟမ်း အသင်းက စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူ ခဲ့တဲ့ အန်ဒီ အယူးဟာ ပေါင်ခြံ ဒဏ်ရာကြောင့် ခွဲစိတ် ကုသမှု ခံယူရမှာ ဖြစ်ပြီး လေးလခန့် အနားယူ ရတော့မှာ ဖြစ်ပါတယ်။
အယူးဟာ ချဲလ်ဆီး အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ပွဲမှာ ပွဲချိန် ၃၅ မိနစ်မှာပဲ ပေါင်ခြံ ဒဏ်ရာ ရရှိ ခဲ့တာပါ။
ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဆွမ်ဆီး အသင်းမှာ ခြေစွမ်းပြ ခဲ့တဲ့ အသက် ၂၆ နှစ်ရှိ အယူး အတွက် ပေါင် ၂၀ ဒသမ ၅ သန်းအထိ ပေးချေခဲ့ရပြီး ကလပ်အသင်း သမိုင်း တလျှောက် ပြောင်းရွှေ့ကြေး အများဆုံး ပေးခဲ့ရတဲ့ ကစားသမား ဖြစ်ခဲ့ ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ ဘုန်းမောက်နဲ့ တွေ့ဆုံနေပြီး နောက်ခံလူ ခရစ္စ၀ဲလ်နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား လန်ဇီနီတို့လည်း ဒဏ်ရာ ရနေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164570

No comments:
Post a Comment