မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

ဂျပန် အိုးပင်း ၀ါရင်ကာ ဒုတိယ အဆင့်တက် (ရုပ်သံ)




ဂျပန်နိုင်ငံမှာ ကျင်းပ နေတဲ့ ဂျပန် အိုးပင်း အမျိုးသား တင်းနစ် ပြိုင်ပွဲမှာ ဆွစ်ဇာလန် နိုင်ငံသား စတန့် ၀ါရင်ကာက ချက်သမ္မတ နိုင်ငံက ရာဒက် စတီဖန်နက်ကို အနိုင်ရပြီး ဒုတိယ အဆင့် တက်ရောက်သွားပါတယ်။

ဝါရင်ကာက ပြိုင်ပွဲကို အကောင်းဆုံး စတင် ကစားနိုင် ပြီးတော့ သူရဲ့ လက်ပြန် ရိုက်ချက် တွေကြောင့် ပွဲကို ဦးဆောင်နိုင် ခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်က ၇၈ မိနစ်နီးပါး ကစားခဲ့အပြီးမှာ ၀ါရင်ကာက ၇-၅၊ ၆-၃နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်မှာတော့ ၀ါရင်ကာက ဒုတိယအဆင့်မှာ ဂျပန်က တက်ဆုမာအီတိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115204

No comments:

Post a Comment