မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 9, 2016

ဖိလစ်ပိုင် လက်ဝှေ့ကျော် ပတ်ကွီရို အနိုင်ရ




ဧပြီ ၁၀ ရက် အမေရိကန် ပြည်ထောင်စု လာဗီးဂတ်စ်မှာ ထိုးသတ် သွားတဲ့ လက်ဝှေ့ ပွဲစဉ်မှာ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပတ်ကွီရိုက အမေရိကန် လက်ဝှေ့ သမား တင်မိုသီ ဘရက်လေကို အနိုင် ရရှိ သွားပါတယ်။

ရမှတ်ပေါင်း ၁၁၆-၁၁၀နဲ့ ဒိုင်လူကြီး ၃ ဦးလုံးက တညီ တညွတ်တည်း ပတ်ကွီရိုကို အနိုင်ပေး လိုက်တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ဘရက်လေနဲ့ ပတ်ကွီရိုတို့ အကြား ၃ ကြိမ်မြောက် ထိုးကြိမ်မြောက် ထိုးသတ်တဲ့ ပွဲစဉ်ဖြစ် ခဲ့ပြီး ပတ်ကွီရိုက ၂ ပွဲအနိုင် ရရှိထား ပါတယ်။ ၂၀၁၂ ခုနှစ်ဇွန်လပွဲစဉ်မှာ ဘရက်လေက နိုင်ပြီး ၂၀၁၄ ဧပြီမှာ ပတ်ကွီရိုက အနိုင်ရခဲ့သလို အခုထိုးသတ်ရာမှာ ထပ်မံ အနိုင်ရခဲ့ပါတယ်။

ပထမ ၄ ချီအထိ သူမသာကိုယ်မသာ ထိုးသတ်ခဲ့ပေမယ့် ၅ ချီမြောက်မှာ ပတ်ကွီရိုက ဖိထိုးပြီး အသာစီး ရယူထားနိုင်ခဲ့ပါတယ်။ တရားဝင်မဟုတ်တဲ့ လေ့လာသူတွေရဲ့ အမှတ်စာရင်းအရ ပတ်ကွီရိုက ဦးဆောင်ထားခဲ့ပါတယ်။

၇ ချီမြောက်မှာတော့ ပတ်ကွီရိုရဲ့ ညာဝိုက်လက်သီးကြောင့် ဘရက်လေက အမှတ်စဉ် အရေခံခဲ့ရပါတယ်။

၈ ချီကတော့ ဘရက်လေအတွက်လို့ ပြောရမှာ ဖြစ်ပြီး ဘရက်လေက အသာစီးရယူ ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း အမှတ်ကွာဟမှုကတော့ သိပ်မရှိခဲ့ပါဘူး။

၉ ချီမှာ ပတ်ကွီရိုရဲ့ ဘယ်ဘက် လက်သီးထိုးချက်မိပြီး ဘရက်လေက ဒုတိယအကြိမ် အမှတ်စဉ် အရေ ခံထိခဲ့ပါတယ်။

အချီတိုင်းကို အလဲထိုးနိုင်ဖို့ ရည်မှန်းထိုးသတ်ခဲ့တယ်လို့ ပတ်ကွီရိုက ပွဲအပြီး အင်တာဗျူးမှာ ပြောပါတယ်။ ကြိုးဝိုင်းပေါ်က အင်တာဗျူးမှာ ဘရက်လေကလည်း ပတ်ကွီရိုကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ဒီပွဲကို လူပေါင်း ၄ သောင်းကျော်လာရောက် ကြည့်ရှုခဲ့ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/143945


No comments:

Post a Comment