မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, September 22, 2016

ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ယူအီးအက်ဖ်အေ ဥက္ကဋ္ဌသစ် အဖြစ် ရွေးချယ်




ပလာတီနီ ရာထူးမှ နုတ်ထွက် သွားပြီးချိန် ကစပြီး ဥက္ကဋ္ဌ ရာထူး လစ်လပ်နေ ခဲ့တဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ ဥက္ကဋ္ဌသစ်
ရွေးကောက်ပွဲ မှာတော့ ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အလက်ဇန္ဒား ဆယ်ဖယ်ရင် ရွေးချယ်ခံ ခဲ့ရပါတယ်။

ဒီဥက္ကဋ္ဌရာထူးအတွက် ဥက္ကဋ္ဌသစ် ဆယ်ဖယ်ရင်နဲ့အတူ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗန်ပရပ်ဂ်၊ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အိန်ဂျယ်ဗီလာတို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အိန်ဂျယ်ဗီလာ နုတ်ထွက်သွားခဲ့လို့ ဆယ်ဖယ်ရင်နဲ့ ဗန်ပရပ်ဂ်တို့ နှစ်ဦးပဲ ယှဉ်ပြိုင်ခဲ့ကြတာပါ။

ရွေးကောက်ပွဲ မဲခွဲမှုရလဒ်အရ မဲပေးသူ ၅၅ ဦးမှာ ၄၂ ဦးက ဆယ်ဖယ်ရင်ကို မဲပေးခဲ့ကြပြီး ၁၃ ဦးက ဗန်ပရပ်ဂ်ကို မဲပေးခဲ့ကြလို့ ဆယ်ဖယ်ရင်က ယူအီးအက်ဖ်အေရဲ့ ဥက္ကဋ္ဌသစ် ဖြစ်လာခဲ့တာပါ။

ဆယ်ဖယ်ရင်က သူ့အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ ဥက္ကဋ္ဌတာဝန်ကို ရယူခဲ့ခြင်းဖြစ်တယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ - ရိုက်တာ

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169357

No comments:

Post a Comment