မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, September 22, 2016




အင်္ဂလန်လိဂ် ဖလား တတိယ အဆင့် ပွဲစဉ် အဖြစ် လိဂ်ဝမ်း ကလပ် နော်သမ်တန်နဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်တို့ စက်တင်ဘာ ၂၁ ရက်ညက ယှဉ်ပြိုင်ရာ မန်ချက်စတာ ယူနိုက်တက်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၀တ်ဖို့ဒ်ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲထွက် လူစာရင်းကနေ ၉ ဦးအထိ အပြောင်း အလဲလုပ်ပြီး နော်သမ်တန်ကို ရင်ဆိုင် ခဲ့တာပါ။

ဒီပွဲမှာ မန်ယူ ကွင်းလယ်လူ မိုက်ကယ်ကာရစ်ကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြု ခဲ့ပြီး ကာရစ်ကလည်း ခြေစွမ်းပြ ကစားနိုင် သလို သူကပဲ သွင်းယူပေး ခဲ့ပါတယ်။

မန်ယူဟာ နော်သမ်တန်ကွင်းမှာ ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်လည်း အသာရခဲ့ပါတယ်။

မန်ယူအတွက် ဂိုးတွေကို ၁၈ မိနစ်မှာ မိုက်ကယ်ကာရစ်၊ ၆၈ မိနစ်မှာ ဟာရဲရား၊ ၇၅ မိနစ်မှာ ရပ်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ပါတယ်။

နော်သမ်တန်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၄၂ မိနစ်မှာ အလက်ဇန္ဒား ရီဗဲလ်က ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့ မန်ယူအသင်းဟာ လိဂ်ဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပြီး ပရီးမီးယားလိဂ် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ အောက်တိုဘာ ၂၇ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169352

No comments:

Post a Comment