
ရီးရဲလ် မက်ဒရစ် အသင်းနည်းပြ ဇီဒန်းက ဖီဖာက ထုတ်ပြန်မယ့် ကမ္ဘာ့ အကောင်းဆုံး ကစားသမား စာရင်းမှာ အက်သလက် တီကို မက်ဒရစ် တိုက်စစ်မှူး ဂရစ်မန်း ပါဝင် သင့်တယ်လို့ ပြောပါတယ်။
“ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်သင့်တဲ့လူတွေက အများကြီးမရှိပါဘူး။ အဲဒီထဲမှာ ရော်နယ်ဒိုနဲ့ ဂရစ်မန်းလည်း ပါပါတယ်။”
ဒါပေမယ့် သူ့အနေနဲ့ ဒီဆုကို ပေးရမယ်ဆိုရင်တော့ ရော်နယ်ဒိုကိုပဲ ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
ရီးရဲလ်ဟာ လောလောဆယ် လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169222





No comments:
Post a Comment