
ရီးရဲလ် မက်ဒရစ် ကစားသမား ၂ ဦးဖြစ်တဲ့ စီရော် နယ်ဒိုနဲ့ ဂါရတ်ဘေးလ် တို့ဟာ အသင်းဖော် တွေနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်း နေပြီး ဒီနေ့ည ကစားမယ့် ဗီလာရီးရဲလ်နဲ့ ပွဲမှာ ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ အဖျားရောဂါကြောင့် စက်တင်ဘာ ၁၈ ရက်က ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ပွဲမှာ ပါဝင်နိုင်ခြင်းမရှိသလို ဂါရတ်ဘေးလ်ဟာလည်း တင်ပါးဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ၄ ပွဲကစားအပြီးမှာ ၄ ပွဲစလုံး အနိုင်ရထားပြီး ဒုတိယနေရာက ဘာစီလိုနာကို ၃ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
ရီးရဲလ်အသင်းဟာ ဒီနေ့ညကစားမယ့် ဗီလာရီးရဲလ်နဲ့ပွဲမှာ အနိုင်ရရှိမယ်ဆိုရင် လာလီဂါပွဲစဉ် ၁၇ ပွဲဆက်တိုက် အနိုင်ရတဲ့အသင်းအဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169215





No comments:
Post a Comment