
မန်ချက် စတာ စီးတီး ကွင်းလယ် ကစားသမား ယာယာ တိုရေးဟာ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းကနေ အနား ယူလိုက် ပြီလို့ ကြေညာ ပါတယ်။
အိုင်ဗရီကို့စ် အသင်း ခေါင်းဆောင် တိုရေးဟာ အသင်းနဲ့ အတူ ၂၀၁၅ မှာ အာဖရိက ဖလားကို ရယူနိုင် ခဲ့ပါတယ်။
သူဟာ လက်ရွေးစင် အသင်း အတွက် ကစားပေးတဲ့ ၁၄ နှစ် အတွင်းမှာ ပွဲပေါင်း ၁၀၂ ပွဲ ကစားပေး ထားပါတယ်။
အခုလိုဆုံးဖြတ်ရတာ မလွယ်ပေမယ့် တခြားကစားသမားတွေကို အလှည့်ပေးဖို့ အချိန်ရောက်လို့ အနားယူတာဖြစ်တယ်လို့ မန်စီးတီးကွင်းလယ်လူက ပြောပါတယ်။
လောလောဆယ်မှာတော့ တိုရေးရဲ့ အေးဂျင့်ဖြစ်သူက မန်စီးတီးနည်းပြသစ် ဂွာဒီယိုလာကို ဝေဖန်ထားတဲ့အတွက် အသင်းမှာ ပါဝင်ကစားခွင့်မရဘဲ ဖြစ်နေပါတယ်။
ဓာတ်ပုံ - Getty Images
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169203





No comments:
Post a Comment