
မန်စီးတီး နည်းပြ ဂွာဒီယိုလာနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ကွင်းလယ် ကစားသမား ယာယာ တိုရေးဟာ လာမယ့် ဇန်န၀ါရီ အပြောင်း အရွှေ့မှာ အသင်းက ထွက်ခွာ
တော့မှာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် ကစားသမား ၂၅ ဦး ရွေးချယ်ရာမှာ ယာယာ တိုရေးကို ချန်လှပ်ခဲ့ တာကြောင့် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဆီလက်ခ်က ယာယာတိုရေး အနေနဲ့ အခြား အသင်း တသင်းကို ပြောင်းရွှေ့ဖို့ အကြို သဘောတူ စာချုပ် ချုပ်ဆို တော့မယ်လို့ ပြောကြား ခဲ့ပြီး ဂွာဒီယိုလာ ကိုလည်း ဝေဖန် မှုတွေ ပြုလုပ် ခဲ့တာပါ။
ဒီလိုဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး အေးဂျင့်ဆီလက်ခ်အနေနဲ့ မန်စီးတီးအသင်းကို ပြန်လည်တောင်းပန်ဖို့ ဂွာဒီယိုလာက ပြောကြားထားတာပါ။
ယာယာတိုရေးအနေနဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်အသင်းတသင်းဆီပဲ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။
ယာယာတိုရေးဟာ ၂၀၁၀ ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၂၇၆ ပွဲမှာ ၇၂ ဂိုး သွင်းယူခဲ့ပြီး ဆုဖလား ၆ လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169485





No comments:
Post a Comment