Friday, September 23, 2016
မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ ဒဏ်ရာ ထပ်ရ
မန်စီးတီး အသင်း ခေါင်းဆောင် ကွန်ပနီဟာ ဆွမ်ဆီးကို အနိုင်ရတဲ့ လိဂ်ဖလား ပွဲစဉ်မှာ ဒဏ်ရာ ထပ်ရ ခဲ့လို့ မန်စီးတီး နောက်တန်း အတွက် ထိုးနှက်ချက် ဖြစ်ခဲ့ ပါတယ်။
အသင်းခေါင်းဆောင် ကွန်ပနီဟာ ဒီနှစ်ဘောလုံး ရာသီ အစ ကတည်းက ဒဏ်ရာကြောင့် မန်စီးတီး အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်း မရှိဘဲ ဆွမ်ဆီးနဲ့ ပွဲစဉ်မှာ ပထမ ဦးဆုံး ပြန်လည် ကစားနိုင်တာပါ။
ကွန်ပနီရဲ့ဒဏ်ရာကို မန်စီးတီးအသင်း ဆေးအဖွဲ့က စစ်ဆေးနေပြီး အချိန်ဘယ်လောက် အနားယူရမယ်ဆိုတာ မသိရှိရသေးပါဘူး။
မန်စီးတီးအသင်းဟာ ဆွမ်ဆီးနဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ဂွါဒီယိုလာလက်ထက်မှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ် ၉ ပွဲလုံး နိုင်ပွဲရယူခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169503
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment