မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 24, 2016

ဒေါ့မွန် ၃-၁ ဖရိုင်းဘတ် (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ဂျာမန် ဘွန်ဒတ်စ် လီဂါ ပွဲစဉ်မှာ ဒေါ့မန်က ဖရိုင်းဘတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒေါ့မန် အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး အာဘာမီရန်း၊ ပစ်ဇက်နဲ့ ဂူရီယိုတို့ သွင်းယူ ပါတယ်။

ဒီပွဲမှာ တိုက်စစ်မှူး အာဘာမီရန်း ဘွန်ဒတ်စ်လီဂါမှာ ၅၉ ဂိုးမြောက် ဂိုးကို သွင်းယူ နိုင်ခဲ့ပါတယ်။

ဖရိုင်းဘတ်အတွက် တလုံးတည်းသော ချေပဂိုးကို မိနစ် ၆၀ မှာ ဖိလစ်က သွင်းယူပါတယ်။

ဒီပွဲမှာ ဒေါ့မန်ကပဲ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် ၂၄ ကြိမ်အထိ ရခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ဒေါ့မန်အတွက် ဘွန်ဒတ်စ်လီဂါ ၅ ပွဲမှာ ၄ ပွဲမြောက် အနိုင်ရတာပါ။

ဒီပွဲနိုင်လို့ ဒေါ့မန်က ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169648

No comments:

Post a Comment