ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လီဗာပူးနဲ့ စတုတ် စီးတီးတို့ ဧပြီ ၁၀ ရက် ညက ယှဉ်ပြိုင် ကစားရာ လီဗာပူးက အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုး ကန်သွင်း ခွင့်မှာ လီဗာပူး အသင်းက အနည်းငယ် အသာရ ခဲ့သလို ရတဲ့ အခွင့်အရေးကို အပိုင် အသုံးချပြီး အနိုင်ဂိုးတွေ သွင်းယူနိုင် ခဲ့တာပါ။
လီဗာပူးအတွက် ပထမပိုင်း ၈ မိနစ်မှာ မိုရီနိုက အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၂၂ မိနစ်မှာ စတုတ်စီးတီး တိုက်စစ်မှူး ဘိုဂျန်ကာကစ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၃၂ မိနစ်မှာ လီဗာပူး တိုက်စစ်မှူး စတာရစ်ခ်ျက ဒုတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်းမှာ လီဗာပူးတို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။
လီဗာပူးအတွက် အနိုင်သေချာစေမယ့် ဂိုးတွေကို ပွဲချိန် မိနစ် ၅၀ နဲ့ ၆၅ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး အော်ရီဂီက သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ လီဗာပူးက စတုတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ဒီပွဲအနိုင်ရတဲ့ လီဗာပူးက ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေပြီး စတုတ်စီးတီးက လီဗာပူးထက် ၂ ပွဲပိုကစား၊ ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/144034
No comments:
Post a Comment