
ဧပြီလ ၁၀ ရက် ညက ယှဉ်ပြိုင် သွားတဲ့ တော့တင်ဟမ် ဟော့စပါးနဲ့ မန်ယူတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးက ပွဲကစားချိန် ဒုတိယပိုင်းမှာ သွင်းယူတဲ့ ဂိုး ၃ ဂိုးနဲ့ မန်ယူကို အနိုင်ရ သွားပါတယ်။
စပါးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် မိနစ် ၇၀ မှာ အလီ၊ ၇၄ မိနစ်မှာ တိုဘီ အယ်လ်ဒါဝီရယ်လ် (Toby Alderweireld) နဲ့ ၇၆ မိနစ်မှာ လာမယ်လာတို့က သွင်းယူပေးခဲ့တာပါ။
စပါးအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ အလီကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ စပါးက အသာစီးရခဲ့ပါတယ်။
ဒီပွဲရှုံးနိမ့်ခဲ့တဲ့ မန်ယူက ရမှတ် ၅၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာပဲ ရပ်တည်နေပြီး စပါးက ရမှတ် ၆၅ မှတ်နဲ့ အဆင့် ၂ မှာ ဆက်လက် ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/144030





No comments:
Post a Comment