
တစ်ပတ်လျှင် လုပ်ခလ စာ ပေါင်တစ်သိန်းဖြင့် လင်းဂတ် အား လေးနှစ် စာချုပ် ချုပ်ဆို ခဲ့ခြင်း ကို မန်ယူ နည်းပြ မော်ရင်ဟိုက ကာကွယ် ပြောကြား လိုက်ပြီး လ စာ ကောင်းကောင်း မပေးလျှင် အ သင်းမှ ထွက်ခွာ လိမ့်မည်ဖြစ် ကြောင်း ပြောသည်။
မန်ယူ အတွက် ပွဲ ၁၀၀ ကစား ထားသည့် လင်းဂတ် (၂၄) နှစ်ကို လစာ ကောင်းကောင်းဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ် ချုပ် ဆိုခြင်းနှင့် ပတ်သက်၍ မေးခွန်း များ ထုတ်ခံနေ ရသော်လည်း မော်ရင်ဟိုက သဘောတူ စာချုပ် သည် ခေတ်သစ် ဘောလုံးလောက ၌ ကစားသမား၏ စွမ်းဆောင် ရည်အပေါ် ရောင်ပြန်ဟပ်မှု တစ်ခု သာဖြစ်ကြောင်း ယုံကြည်နေ သည်။
‘‘ပထမဆုံးပြောချင်တာက ခင်ဗျားတို့အနေနဲ့ ကစားသမားကို လစာကောင်းကောင်းမပေးရင် သူတို့ အသင်းက ထွက်သွားပါ လိမ့်မယ်။ ဒါကြောင့် ကစားသ မားတစ်ဦးကို လစာကောင်း ကောင်းပေးတာနဲ့ ပတ်သက်ပြီး ဝေဖန်ခံရနိုင်သလို ငယ်ရွယ်တဲ့ ငယ်မွေးခြံပေါက်ကစားသမားကို လက်လွှတ်ဆုံးရှုံးရရင်လည်း ဝေ ဖန်ခံရမှာပါ’’ဟု မော်ရင်ဟိုက ပြောကြားသည်။
လင်းဂတ်သည် မန်ယူအ တွက် ၂၀၁၆ အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ ကွန်မြူနတီဒိုင်းနှင့် လိဂ်ဖလားဗိုလ်လုပွဲအပါအ၀င် အရေးပါသည့် ပွဲစဉ်များ၌ အဆုံး အဖြတ်ဂိုးများ သွင်းခြင်းဖြင့် ၎င်း ၏စွမ်းရည်ကို ထင်ပေါ်စေခဲ့ပြီး လာမည့် နှစ်များအတွင်း တိုး တက်မှုကို မြင်တွေ့ရမည်ဟု မော်ရင်ဟိုက မျှော်လင့်နေသည်။
လင်းဂတ်သည် အင်္ဂလန်အ တွက် လေးပွဲကစားထားပြီး မန်ယူအတွက် ယခုနှစ်ရာသီတွင် ၂၉ ပွဲကစားကာ ငါးဂိုးသွင်းယူ ထားသည်။
ထိုအတောအတွင်း မန်ယူ၌ ကာလရှည်ကြာကစားခဲ့ပြီး ယခု နှစ်နွေရာသီတွင် စာချုပ်သက် တမ်းကုန်တော့မည့် မိုက်ကယ် ကာရစ်က အခြားအသင်း၌ ကစားမည်မဟုတ်ကြောင်း ပြော ကြားသည်။ ၎င်းကို ၁၁ နှစ်ကြာ ကစားခွင့်ပေးခဲ့ပြီး အမှတ်တရ များစွာ ဖန်တီးပေးခဲ့သည့် မန်ယူ ကို လေးစားသောအနေဖြင့် အင်္ဂလန်ကလပ် တစ်ခုခုတွင် ကစားမည်ဆိုခြင်းကို ကာရစ်က ငြင်းဆန်ခဲ့သည်။
-Ref:Goal
From : 7 Day daily news
Originally published at - http://www.7daydaily.com/story/93872

No comments:
Post a Comment