မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 9, 2017

ဆဲလ်တစ်နှင့် နည်းပြရော်ဂျာ လေးနှစ် စာချုပ်သစ် ချုပ်ဆို




ဆဲလ်တစ် နည်းပြ ဘရန်ဒန် ရော်ဂျာသည် စကော့တလန် ပရီးမီးယားရှ စ်ချန်ပီယံဖြစ် အောင် စွမ်းဆောင် နိုင်ခဲ့ပြီး နောက် အသင်းနှင့် လေးနှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် လက်မှတ်ရေး ထိုးလိုက်သည်။

လီဗာပူး နည်းပြဟောင်း ရော်ဂျာ (၄၄)နှစ်သည် ဆဲလ်တစ် ကို ပထမဆုံး ကိုင်တွယ်သည့် ရာသီမှာပင် ပရီးမီးယားရှစ်ဖလား နှင့် လိဂ်ဖလားရရှိအောင် စွမ်း ဆောင်နိုင်ခဲ့ပြီး ပြီးခဲ့သည့် မေလ က ၁၂ လ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့သည်။

ဆွမ်ဆီး၊ ရီဒင်းနှင့် ၀က်ဖို့ဒ် အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ သော ရော်ဂျာက မိမိသည်အ ကောင်းဆုံးနေရာသို့ ရောက်ရှိနေ သည်ဟု ပြောကြားသည်။ ၂၀၂၁ အထိ ဆဲလ်တစ်ကို ကိုင်တွယ်မည့် ရော်ဂျာသည် ယခုရာသီတွင် ဖလားသုံးလုံးရရှိနိုင်သော လမ်း ကြောင်းပေါ်၌ ရှိနေသည်။

၎င်းကို နွေရာသီက ခန့်အပ်ခဲ့ပြီး နောက် ပိုင်း ကတိပေးလုပ်ဆောင်ခဲ့ခြင်း များအတွက် အသင်း၏ဘုတ်အဖွဲ့ ကို ကျေးဇူးတင်ကြောင်း ပြော ကြားသည်။

ဆဲလ်တစ်သည် ယခုရာသီ တွင် ရှုံးပွဲမရှိသေးဘဲ ရိန်းဂျား၊ ပက်ထရစ်သစ္စတဲလ်၊ အင်ဗာ နက်စ်စီးတီးအသင်းတို့နှင့် တွေ့ ဆုံမှုများ၌သာ အမှတ်ပြည့်မရ ဖြစ်ခဲ့သည်။

အသင်းကို ကိုင်တွယ်သည့် ၁၂ လခန့်အတွင်း စကော့တလန် ဖလားကို နောက်ထပ်ဆွတ်ခူးနိုင် ခြေရှိသော ဆဲလ်တစ်သည် ယခု ရာသီတွင် ခုနစ်ပွဲကစားရန် လို သေးသော အခြေအနေ၌ ရှုံးပွဲလုံး ၀မရှိဘဲ ရာသီကုန်ဆုံးနိုင်သည်။

-Ref:Goal

From : 7 Day daily news

Originally published at - http://www.7daydaily.com/story/93871

No comments:

Post a Comment