မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 9, 2017

လာမည့်နှစ်တွင် ရီးရဲလ်ကို ဆက်လက် ကိုင်တွယ်ရန် မသေချာဟု ဇီဒန်း ပြော




အက်သလက် တီကိုနှင့် မက်ဒရစ် ဒါဘီပွဲ မကစားမှီ လက် ကျန် တစ်ပွဲဖြင့် ဘာစီလိုနာကို နှစ် မှတ်ဖြတ် ထားသော ရီးရဲလ်နည်း ပြ ဇီဒန်းက လာမည့် ရာသီတွင် ရီးရဲလ်ကို ဆက်လက် ကိုင်တွယ် ရန် မသေချာဟု ၀န်ခံ ပြောကြား သည်။

လာလီဂါ ဖလား ရရှိအောင် မစွမ်းဆောင်နိုင် ပါက ပြဿနာရှိ မည်လားဟု မေးမြန်းရာ ဖလားရ အောင် အားလုံးပေးဆပ်၍ ကြိုး ပမ်းသွားမည်ဟု ဇီဒန်းက ဖြေ ကြားသည်။

ရီးရဲလ်တွင် နောက်တစ်ရာ သီအတွက် မိမိအနေဖြင့် ကြိုတင် ပြင်ဆင်မှုတစ်ခုမျှ မရှိသေး ကြောင်း ဇီဒန်းက ပြောကြား သည်။

ဇီဒန်းသည် ၂၀၁၆ ဇန်န၀ါရီ က ရီးရဲလ်နည်းပြ ရာထူးကို ဘန် နီတက်ဇ်ထံမှ လွှဲပြောင်းရယူခဲ့ပြီး ငါးလအတွင်း ချန်ပီယံလိဂ်ဖလား ရခဲ့ကာ လက်ရှိတွင် လာလီဂါထိပ် ဆုံးနေရာကိုရယူထားပြီး ချန်ပီယံ လိဂ်၌ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ယင်းကဲ့သို့ အောင်မြင်မှုများ ရှိနေသော်လည်း ၎င်းအနေဖြင့် ရီး ရဲလ်တွင် ဆက်လက်ရှိမည်လား ဆိုသည်ကို အသေအချာမပြော နိုင်ဟု ဇီဒန်းက ပြောသည်။

-Ref:ESPN

From : 7 Day daily news

Originally published at - http://www.7daydaily.com/story/93869

No comments:

Post a Comment