မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 9, 2017

ဆန်းဒါးလန်း တန်းဆင်းရမည် မဟုတ်ဟု ယုံကြည်ကြောင်း နည်းပြ မိုယက်စ် ပြောကြား




ဆန်းဒါးလန်း နည်းပြ မိုယက်စ်က အသင်း အနေဖြင့် တန်းဆင်း ရမည့် အရေး နီးကပ်နေ ပြီဟု ၀န်ခံ ခဲ့သော်လည်း လက် ကျန်ပွဲ အားလုံးကို အနိုင်ယူပြီး ပရီးမီးယား လိဂ်တွင် တန်းတင် ကျန်ရစ်နိုင်မည့် မျှော်လင့်ချက်ရှိ နေသေးကြောင်း ပြောကြားသည်။

ဇယားအောက်ဆုံး၌ ရောက် နေသည့် ဆန်းဒါးလန်းသည် တစ် ပွဲလျော့ကစားကာ အဆင့် (၁၇) နေရာရှိ ဟူးလ်စီးတီးနှင့် ၁၀ မှတ် ကွာဟနေပြီး ဖေဖော်ဝါရီအတွင်း နယူးယောက်ခရီးစဉ်မှ ပြန်လာပြီး နောက်ပိုင်းကစားခဲ့သည့် ခြောက်ပွဲတွင် တစ်ဂိုးမျှသွင်းယူနိုင်ခြင်း မရှိသေးပေ။

‘တန်းဆင်းရမယ့်အရေးနဲ့ ကျွန်တော်တို့ နီးစပ်နေပါတယ်။ နိုင်ပွဲစရ, ရပါမယ်။ နိုင်ပွဲရမယ်လို့ လည်း ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ သေချာပေါက် လက်လျှော့မှာ မဟုတ်ပါဘူး။ လက်ကျန်ပွဲတွေ အကုန်လုံးကို အနိုင်ယူပြီး ကျွန်တော်တို့ တန်း တင်ကျန်ရစ်မယ်။ ကျွန်တော်တို့ အတွက် မန်ယူနဲ့ပွဲမှာ အနိုင်ရဖို့ လိုအပ်ပါတယ်။ ဒီလိုဆိုရင် ကျွန် တော်တို့မှာ ယုံကြည်မှုတွေ ရှိကို ရှိလာလိမ့်မယ်ထင်ပါတယ်’’ ဟု မိုယက်စ်က ပြောသည်။

‘‘လာမယ့် ပွဲတွေမှာ အနိုင်ရ မယ့်ပွဲတွေ ရှိနေပါတယ်။ အိမ် ကွင်းမှာ ၀က်စ်ဟမ်းနဲ့ဆွမ်ဆီးကို လက်ခံကစားရမယ်။ အဝေးကွင်း မှာ မစ်ဒစ်ဘရော့နဲ့ ဟူးလ်စီးတီး ကို ရင်ဆိုင်ရပါမယ်။ ဒီအသင်း တွေကို ကျွန်တော်တို့ အနိုင်ယူရ ပါလိမ့်မယ်။ အဲဒီပွဲတွေကို ဒါက ကျွန်တော်တို့အတွက် တကယ့်အ ခွင့်အရေး ဖြစ်စေပါလိမ့်မယ်။ ဆန်းဒါးလန်းက ဒါမျိုးလုပ်ပြတတ် တဲ့သမိုင်းရှိပါတယ်’’ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

လက်ကျန် ရှစ်ပွဲကစားပြီး သည်နှင့်တစ်ပြိုင်နက် ဆန်းဒါး လန်းသည် အသင်းပြုပြင်ပြောင်း လဲရေး စတင်လုပ်ဆောင်မည်ဖြစ် သည်။ ‘‘ပရီးမီးယားလိဂ်မှာ ဆက် ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါ ပေမဲ့ တန်းတင်မကျန်ရစ်ခဲ့ဘူးဆို ရင်တောင် အသင်းကို ပြန်တည် ဆောက်ရမှာပါ။ ကစားသမား အ ပြောင်းအရွှေ့တွေကြီးကြီးမားမား ရှိလာပါလိမ့်မယ်’’ဟု မိုယက်စ်က ပြောသည်။

ဆန်းဒါးလန်းသည် ယနေ့ည တွင် မန်ယူကို အိမ်ကွင်း၌ လက် ခံကစားရမည်ဖြစ်သည်။

-Ref:theguardian

From : 7 Day daily news

Originally published at - http://www.7daydaily.com/story/93866

No comments:

Post a Comment