မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 8, 2017

ဘယ်သူမှ ရပ်တန့်လို့မရတဲ့ ချယ်လ်ဆီး အဝေးကွင်းမှာ နိုင်ပွဲဆက်




စနေည ပရီးမီးယားလိဂ် ချယ်လ်ဆီးက အဝေးကွင်း သွားကစားပြီး အခြေအနေ ကောင်းသွား ခဲ့ပြန်ပါပြီ။

ချယ်လ်ဆီးက ဒီကနေ့ ပွဲစဉ်မှာ တိုက်စစ်မှူး ကော်စတာကို အထောင် ထားပြီး ဟာဇက်၊ ပက်ဒရိုတို့ရဲ့ တိုက်စစ်နဲ့ ဝန်းရံစေ ခဲ့တာပါ။ ဘုန်းမောက် ၄-၁-၁ ကစားကွက်ကို သုံးပြီး တိုက်စစ်မှာ ဂျိုရှာကင်းနဲ့ အက်ဖိုဘေး တို့ကို ထည့်ထား ခဲ့ပါတယ်။

အဝေးကွင်းမှာ ချယ်လ်ဆီးအသင်းက ဘုန်းမောက်ကို ၁-၃ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ဦးဆောင်ဂိုးနှစ်ဂိုး အရင်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာတင် နှစ်ဂိုးနဲ့ အနိုင်ရနေခဲ့တာပါ။

ပထမပိုင်း ၁၇ မိနစ်မှာ ဘုန်းမောက်ဂိုးဧရိယာထဲ ရောက်နေတဲ့ ကော်စတာက နောက်ခံကစားသမားတွေကိုလှည့်ထွက်ပြီး ကန်လိုက်ရာမှာ ဘုန်းမောက်နောက်ခံ ကစားသမား အဒမ်စမစ်သ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်သုံးမိနစ်အကြာမှာ ချယ်လ်ဆီးအသင်း ဒုတိယဂိုး ထပ်ရပြန်သွားပြန်ပါတယ်။ ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တေ ကွင်းတစ်ဖက်ခြမ်းက ကန်တင် လိုက်တဲ့ဘောလုံကို ဟာဇက်က လူကျွံထောင်ချောက် ကျော်ဖြတ်ပြီး ဆွဲပြေးကာ ဂိုးသမားကိုပါ လိမ်ခေါက်သွင်းယူသွားခဲ့တာပါ။ အဲဒီနောက်ဘုန်းမောက်အသင်း အကြိမ်ရေအနည်းငယ် ဂိုးရဖို့ နီးစပ်မှုတွေပြန်ရှိလာခဲ့တာ တွေ့ရပါတယ်။

ပထမပိုင်းပြီးခါနီး ၄၂ မိနစ်မှာ ဘုန်းမောက်အသင်း ချေပဂိုးတစ်ဂိုးပြန်ရသွားခဲ့လို့ ချယ်လ်ဆီး အခက်တွေ့ခဲ့ရပါသေးတယ်။ အက်ဖိုဘေး ပေးလိုက်တဲ့ ဘောလုံးကို ဂျိုရှာကင်းက ညာခြမ်းကဆွဲယူလာပြီးမထင်မှတ်တဲ့ အခိုက်အတန့်မှာ ဆယ်ပြားစေ့ထောင့်ထဲကို ကန်သွင်းယူလိုက်လို့ချယ်လ်ဆီး ဂိုးသမား ကော့တွစ်ဘာမှမတက်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ဘုန်းမောက်အသင်းက ချယ်လ်ဆီးက ဖိအားပေးနိုင်ခဲ့ပြီး ဒုတိယဂိုးရဖို့ အခွင့်အရေး တစ်ချို့ ရခဲ့ပါသေးတယ်။

ချယ်လ်ဆီးက တတိယဂိုးမရခင်မှာ တိုက်စစ်မှူးကော်စတာ ဂိုးရဖို့အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။ ၆၈ မိနစ်မှာ ချယ်လ်ဆီး တတိယဂိုးရသွားပါတယ်။ ကော်စတာကို အဖျက်ကြမ်းလို့ ဘုန်းမောက်ဟာ ဂိုးနဲ့ ၂၅ ကိုက်အကွာမှာ ပြစ်ဒဏ်ဘော ပေးခဲ့ရပါတယ်။ ဒီပြစ်ဒဏ်ဘောကို အလွန်ဆိုက တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။ ဒီရလဒ်ကို ချယ်လ်ဆီး ဆက်ထိန်းသွားနိုင်ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ စပါးအသင်းကို ၇ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နေနိုင်ခဲ့ပါတယ်။

Source : Flashscore

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/international/-id6500902.html

No comments:

Post a Comment