မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 11, 2016

လက်ဆက်စတာ နိုင်ပွဲဆက်ပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် (ရုပ်သံဟိုက်လိုက်)




ဧပြီ ၁၀ ရက်ညက ယှဉ်ပြိုင်တဲ့ ဆန်းဒါးလန်းနဲ့ လက်ဆက် စတာတို့ရဲ့ ပွဲစဉ်မှာ လက်ဆက် စတာက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် ထားနိုင်ပါတယ်။

လက်ဆက်စတာအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို ပွဲချိန် ၆၆ မိနစ်နဲ့ ဒုတိယပိုင်းပြီးကာနီး နာကျင်အချိန်ပိုမှာ တိုက်စစ်မှူး ဗာဒီ တဦးတည်း သွင်းယူပေးခဲ့တာပါ။

နှစ်သင်း ဂိုးကန်သွင်းခွင့်မှာ မတိမ်းမယိမ်းရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာတော့ လက်ဆက်စတာက အနည်းငယ် အသာရခဲ့ပါတယ်။

ဒီပွဲနိုင်တဲ့အတွက် လက်ဆက်စတာက ရမှတ် ၇၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ပြီး ဆန်းဒါးလန်းကတော့ ၂၇ မှတ်နဲ့ တန်းဆင်းဇုန်က မလွတ်သေးဘဲ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/144041


No comments:

Post a Comment