
အီတလီ စီးရီးအေ ပွဲစဉ် ၃၂ လက်ကျန် ပွဲစဉ် အဖြစ် ရိုးမားနဲ့ ဘိုလော့ဂ်နာတို့ ဧပြီ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၁ ဂိုးစီ သရေကျ သွားပါတယ်။
ဒီပွဲမှာ အိမ်ရှင် ရိုးမား အသင်း ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးကန် သွင်းခွင့်တွေ အသာရ ခဲ့ပေမယ့် ဂိုးကံခေနေ ခဲ့သလို တိုက်စစ်မှူး အယ်ရှာရာဝီ သွင်းတဲ့ဂိုးကလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ ရိုးမားအသင်း နစ်နာခဲ့ရပါတယ်။
အဖွင့်ဂိုးကိုတော့ ဘိုလော့ဂ်နာက ရရှိသွားပြီး ပွဲချိန် ၂၅ မိနစ်မှာ လူကာ ရိုဆက်တီနီ (Luca Rossettini) က သွင်းယူပေးခဲ့တာပါ။
ရိုးမားအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၅၀ မှာ မိုဟာမက် ဆာလာ (Mohamed Salah) က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအပြီးမှာတော့ ရိုးမားက ရမှတ် ၆၄ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဘိုလော့ဂ်နာကတော့ ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/144169

No comments:
Post a Comment