မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 12, 2016

လက်စတာ အိမ်ကွင်း လက်မှတ် ပေါင် ၁၅၀၀၀ ဈေးပေါက်




ဘောလုံးပွဲ လက်မှတ်တွေ ပြန်ရောင်း ချတဲ့ အွန်လိုင်းပေါ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် လက်စတာ အသင်းရဲ့ နောက်ဆုံး အိမ်ကွင်းလက်မှတ် aတွဟာ ပေါင် ၁၅၀၀၀ အထိ ဈေးပေါက် သွားပါတယ်။

မေ ၇ ရက် အဲဗာတန်နဲ့ပွဲ လက်မှတ်ဟာ မိနစ် ၉၀ အတွင်း ရောင်းချ ကုန်သွားပြီး နောက်ပိုင်း ဈေးတင် aရာင်းချမှုတွေ ရှိခဲ့ပါတယ်။

သတ်မှတ်ဈေးထက်ပိုပြီး လက်မှတ်တွေကို ရောင်းချနေရင် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ကလပ်အသင်းက ကြေညာပါတယ်။

လက်စတာရဲ့ ကင်းပါဝါကွင်းဟာ လူ ၃ သောင်းကျော်အထိ လာရောက်အားပေးလို့ ရနေပါတယ်။

လက်စတာအသင်းဟာ ၅ ပွဲကစားဖို့ ကျန်နေပြီး ဒုတိယနေရာက တော့တင်ဟမ်အသင်းကို ၅ မှတ် ဖြတ်ထားနိုင်ပါတယ်။

အဲဗာတန်နဲ့ အိမ်ကွင်းမှာ မကစားခင် ၀က်စ်ဟမ်း၊ ဆွမ်ဆီးတို့ကို အိမ်ကွင်း၊ မန်ယူကို အဝေးကွင်းမှာ ကစားရမှာဖြစ်သလို ချဲလ်ဆီးကိုတော့ နောက်ဆုံးပွဲအဖြစ် အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/144223


No comments:

Post a Comment