
ဓာတ်ပုံ - Ruth Miller
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ နောက်ခံလူ ဂျွန်တယ်ရီက လူကီးမီးယားနဲ့ သေဆုံး သွားတဲ့ အသက် ၈ နှစ် အရွယ် ပရိသတ် အတွက် အသုဘ စရိတ်ကို ကျခံပေး လိုက်ပါတယ်။
တယ်ရီဟာ အခု ကွယ်လွန် သွားတဲ့ တိုမီမေလာနဲ့ အရင်နှစ်က ဆုံတွေ့ခဲ့ ဖူးတာပါ။
တိုမီမေလာ မိသားစု အတွက် တယ်ရီက ပေါင် ၁၆၀၀ လှူဒါန်း ခဲ့ပါတယ်။
တိုနီကွယ်လွန် သွားတာကို ကြားရတဲ့ အတွက် ၀မ်းနည်း မိကြောင်းလည်း တယ်ရီက ပြောပါတယ်။
တိုနီ့ အမေကတော့ ဘောလုံး သမားတွေ အခုလို သတိရ တာကို ဂုဏ်ယူ မိတယ်လို့ ပြောပါတယ်။
ဧပြီ ၁၄ ရက်မှာ အသုဘ ကျင်းပမှာဖြစ်ပြီး တက်ရောက် သူတွေက ချဲလ်ဆီး အင်္ကျီနဲ့ ကိန်းဘရစ် ယူနိုက်တက် ၀တ်စုံ ၀တ်ဆင်မှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/144233





No comments:
Post a Comment