မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 24, 2016

ဘာစီလိုနာ ကွင်းလယ်ကစားသမား ဆာဂျီယိုဘတ်စ်ကွတ် ၅ နှစ်စာချုပ်သက်တမ်းတိုး




ဘာစီလိုနာ အသင်းက ကွင်းလယ် ကစားသမား ဆာဂျီယို ဘတ်စ်ကွတ်ကို ၅ နှစ် စာချုပ် သက်တမ်း တိုးလိုက် ပါတယ်။

စာချုပ် သစ်ကြောင့် ကွင်းလယ်သမား ဘတ်စ်ကွတ်ဟာ ဘာကာမှာ ၂၀၂၃ အထိ ရှိနေမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် စပိန် ကွင်းလယ် သမားဟာ ပြီးခဲ့တဲ့ မေလထဲမှာ စာချုပ်သစ် အတွက် သဘောတူ ခဲ့တာပါ။

ဘွတ်စ်ကွတ်ဟာ ၂၀၀၈ မှာ ဘာကာအသင်းအတွက် ပုံမှန် ကစားခွင့် ရတာ ဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါ ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ရထားပါတယ်။ ဒါ့အပြင် ကိုပါဒယ်ရေ ဖလားကို ၄ ကြိမ် ဆွတ်ခူးထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169672

No comments:

Post a Comment