
စနေနေ့ည အစောဆုံး ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက ချန်ပီယံ လက်စတာကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ မန်ယူ နည်းပြ မော်ရင်ဟိုက အသင်းခေါင်းဆောင် ရွန်နီကို ပွဲအစမှာ ထုတ်မသုံး ဘဲနဲ့ ထားပြီး ယှဉ်ပြိုင် သွားပါတယ်။
ရွန်နီ မပါပေ မယ့်လည်း မန်ယူ ကစားပုံ ကောင်းခဲ့ပြီး အနိုင် ဂိုးတွေကို နောက်တန်းသမား စမောလင်း၊ ကွင်းလယ်က မာတာနဲ့ ပေါဘာ၊ တိုက်စစ်မှူး ရက်စ်ဖို့ဒ်တို့က တဂိုးစီ အသီးသီး သွင်းယူ ပါတယ်။
လက်စတာအတွက် တလုံးတည်းသော ချေပဂိုးကို ဒုတိယ ပိုင်းမှာ လူစား ၀င်လာတဲ့ ဂရေးက အဝေးကစ် ကနေ သွင်းယူ ပါတယ်။
ဒီပွဲရဲ့ ကွင်းလယ်သမား ပေါဘာ ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားဆုကို ရရှိ သွားပါတယ်။
မန်ယူအတွက်တော့ ဒီလအတွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပထမဆုံး နိုင်ပွဲရတာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169767

No comments:
Post a Comment