မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 4, 2016

တံတောင်နှင့်တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် စွဲချက်တင်ခံရ




အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာ အသင်း နောက်ခံလူ ရောဘတ်ဟုသ်ကို အကြမ်းဖက်မှု အပြု အမှုကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင် ထားပါတယ်။

မေလ ၁ ရက်နေ့က မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဖလာမီနီက တံတောင်နဲ့ ဟုသ်ကို တွက်မိသလို ဟုသ်ကလည်း ဖလာမီနီဆံပင်ကို ဆွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ဘောလုံးပွဲ ကြီးကြပ်သူတွေက မမြင်ပေမယ့် ဒိုင်လူကြီး ၃ ဦးက ရုပ်သံမှာ ပြန်လည်ကြည့်ရှုခဲ့ပြီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

၂ ဦးစလုံး ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို ဧပြီ ၄ ရက်အထိ စွဲချက်ကို အယူခံခွင့် ရထားပါတယ်။

မန်ယူနည်းပြ ဗန်ဂါးကတော့ ဒီဖြစ်ရပ်အတွက် သူတို့အသင်း ပင်နယ်တီရသင့်တယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/148181

No comments:

Post a Comment