
မနေ့ ညက ယှဉ်ပြိုင် သွားတဲ့ ကွန်ဖက် ဒရေးရှင်း ဖလား အုပ်စုအေ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းနဲ့ မက္ကဆီကို တို့ ၂ ဂိုးစီ သရေကျ သွားပါတယ်။
ပေါ်တူဂီ အတွက် ဦးဆောင် ဂိုးကို ၃၄ မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးမှု ကနေ ကွာရက်စ်မာက သွင်းယူ ပါတယ်။
မက္ကဆီကို အတွက် ချေပဂိုးကို ၄၂ မိနစ်မှာ တိုက်စစ်မှူး ဟာနက်ဒက်က သွင်းယူ ပါတယ်။
မက္ကဆီကိုအသင်းဟာ ဒီပွဲမှာ ကွင်းလယ်ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်မှာတော့ နှစ်သင်းစလုံး အပြန်အလှန် ရခဲ့ပါတယ်။
ပေါ်တူဂီအတွက် ဒုတိယဂိုးကို ၈၆ မိနစ်မှာ ဆိုရက်စ်က သွင်းယူပါတယ်။
မက္ကဆီကိုအတွက် ချေပဂိုးကို ပွဲသိမ်းမိနစ်မှာ မိုရီနိုက အနီးကပ် ခေါင်းတိုက်သွင်းယူပြီး သရေကျသွားပါတယ်။
လောလောဆယ် ကွန်ဖက်ဒရေးရှင်းဖလား အုပ်စုအေမှာ ရုရှားက ၃ မှတ်နဲ့ ဦးဆောင်နေပြီး ပေါ်တူဂီနဲ့ မက္ကဆီကို အသင်းတွေက ၁ မှတ်စီ အသီးသီးရထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/213153

No comments:
Post a Comment