မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 3, 2016

ပရီးမီးယားလိဂ် ရှုံးပွဲဆက်သည့် အာဆင်နယ် (ရုပ်သံဟိုက်လိုက်)




ဖေဖော်ဝါရီ ၃ ရက် မနက်က ယှဉ်ပြိုင်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆွမ်ဆီးက အမှတ်ပေး ဇယား နံပါတ် ၁ နေရာ အတွက် ကြိုးစားနေတဲ့ အာဆင်နယ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ သွားပါတယ်။

ပထမပိုင်း ၁၅ မိနစ်မှာ အာဆင်နယ် အသင်းက ကင်ဘဲလ်က အဖွင့်ဂိုး သွင်းယူ ခဲ့ပေမယ့် ဆွမ်ဆီးက ၃၂ မိနစ်မှာ ပြန်ချေပ ခဲ့လို့ ပထမ ပိုင်းမှာ ၁ ဂိုးစီ သရေကျ ခဲ့ပါတယ်။

ဂျီရူးနဲ့ ဆန်းချက်ရဲ့ သွင်းဂိုးတွေ ဘားတိုင် ထိခဲ့တဲ့ အတွက်လည်း အာဆင်နယ် အသင်း ဂိုးရဖို့ အခွင့် အရေးတွေ ဆုံးရှုံးခဲ့ ရပါတယ်။

ဆွမ်ဆီးအတွက် အနိုင်ဂိုးကို ဒုတိယပိုင်း ၇၄ မိနစ်မှာ ၀ီလီယံက သွင်းယူ သွားခဲ့ပါတယ်။

တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အသင်းနဲ့ အမှတ်ပေးဇယား နံပါတ် ၁ နေရာကို ရအောင် ကြိုးပမ်းနေတဲ့ အသင်း ၂ သင်း ဖြစ်တာနဲ့အညီ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။

မန်ယူအသင်းကို ရှုံးနိမ့်ထားတဲ့ အာဆင်နယ်ကတော့ အားကုန်ထုတ်ကစားခဲ့ပေမယ့် ထပ်မံရှုံးနိမ့်သွားလို့ အမှတ်ပေးဇယားနံပါတ် ၁ နေရာကို ရယူနိုင်ရေး မျှော်လင့်ချက် ဆုံးရှုံးခဲ့ပါတယ်။

ဒီပွဲရှုံးနိမ့်တဲ့အတွက် အာဆင်နယ်က ၂၈ ပွဲကစား ၅၁ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာနဲ့ ဆွမ်ဆီးအသင်းကတော့ ၂၈ ပွဲကစား ၃၀ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137909


No comments:

Post a Comment