
ဂျာမန် ကလပ် ဘိုင်ယန် မြူးနစ် အသင်းက ကွင်းလယ် သမား ကိုရန်တင် တိုလစ်ဆိုကို ပြင်သစ် ကလပ် လိုင်ယွန် အသင်းကနေ ခေါ်ယူ လိုက်ပါတယ်။
ဘွန်ဒက်စ် လီဂါ ချန်ပီယံ ဘိုင်ယန် မြူးနစ်က အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဒေါ်လာ ၄၆ သန်းကျော် ပေးပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူ လိုက်တာပါ။
အသက် ၂၂ နှစ်အရွယ် ပြင်သစ် ကစားသမား တိုလစ်ဆိုဟာ ဆယ်ကျော်သက် အရွယ်ကတည်းက ကစားသမား ဘဝကို လိုင်ယွန် အသင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ လိုင်ယွန်အတွက် ပွဲပေါင်း ၁၁၆ ပွဲ ကစားခွင့်ရထားပြီး ၂၁ ဂိုး သွင်းယူ ထားပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းအတွက်တော့ ၁ ပွဲ ကစားခွင့်ရထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါဖလား ၅ နှစ်ဆက်တိုက် ရယူထားပြီး ဒီနှစ်ရာသီ ချန်ပီယံလိဂ်မှာတော့ ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/212686

No comments:
Post a Comment