Friday, June 16, 2017
တောင်ကိုရီးယား ဘောလုံးအသင်း နည်းပြကို ရာထူးမှ ထုတ်ပယ်
တောင်ကိုရီးယား ဘောလုံး အသင်း ရလဒ်တွေ မကောင်းလို့ နည်းပြ အူလီ စတီးလိုက်ကို ဇွန် ၁၅ ရက်နေ့က ထုတ်ပယ် လိုက်ပါတယ်။
၂၀၁၈ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွက် အာရှဇုန် ခြေစစ်ပွဲမှာ ကာတာ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ ပွဲအပြီးမှာ ထုတ်ပယ် လိုက်တာပါ။
အသက် ၆၂ နှစ်အရွယ် ဂျာမန်နည်းပြ အူလီ စတီးလိုက်ဟာ တောင်ကိုရီးယား အသင်းနဲ့ ၂၀၁၄ မှာ ၄ နှစ်စာချုပ် ချုပ်ဆို ခဲ့တာပါ။
ဒါပေမယ့်လည်း ခြေစစ်ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားတဲ့ အတွက် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။
ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပြနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုထားပြီး နည်းပြသစ် ဘယ်သူ့ကိုခန့်မလဲ ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုထားပါတယ်။
လောလောဆယ် အာရှဇုန် ခြေစစ်ပွဲ အုပ်စုအေမှာ တောင်ကိုရီးယားအသင်းဟာ ၁၃ မှတ်ပဲ ရသေးပြီး အမှတ်ပေးဇယားထိပ်က အီရန်ရဲ့နောက် ၇ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဓာတ်ပုံ - ဖီဖာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/212695
Labels:
နည်းပြများ,
ဘောလုံးအသင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment