မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, June 16, 2017

မြန်မာပြည် ချန်ပီယံ ဒေ့ဗ်အလက်နှင့် ထိုင်းကစ်ဘောက်ဆင် ချန်ပီယံတို့ ဂျပန်တွင် ထိုးသတ်မည်




ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လက်ရှိ မြန်မာပြည်ချန်ပီယံ ဒေ့ဗ်အလက်(ကနေဒါ) နဲ့ ထိုင်းကစ်ဘောက်ဆင်ချန်ပီယံ Milmungkorn Sudsakorn တို့ ပါဝင်တဲ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ Lathwei in Japan – 4 ကို ဒီကနေ့ညနေပိုင်း ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။



တွဲဆိုင်း ၇ ဆိုင်း ပါဝင်တဲ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို Tokyo Dome City Hall မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီပွဲကို မြန်မာမီဒီယာဂရု(ပ်) နဲ့ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) တို့က ဦးစီးကျင်းပတာဖြစ်ပြီး အမျိုးသားရိုးရာလက်ဝှေ့ကျော်တွေဖြစ်တဲ့ သားအသည်းတပွင့်၊ ဖျံသွေးရာဇာ၊ ကျားဘဟိန်းတို့အပြင် အမျိုးသမီး လက်ဝှေ့ကျော်တွေဖြစ်တဲ့ ဆုလှိုင်ဦးနဲ့ ဘရော်နီကာတို့လည်း ပါဝင်ထိုးသတ်မှာပါ။



အမျိုးသမီးလက်ဝှေ့ကျော် ဘရော်နီကာက ဂျပန်နပမ်းမယ် မိုမိုကို ကို အနိုင်ယူပြီး မြန်မာနိုင်ငံကို ရွှေခါးပတ် အရယူခဲ့မယ်လို့ ဇွန်လ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီကို ပြောပါတယ်။



မြန်မာလက်ဝှေ့ကျော် ပတ်မစိန်ရဲ့မြေး ဆုလှိုင်ဦးကလည်း ဂျပန်မှာ မြန်မာ့လက်ဝှေ့မျိုးဆက်ကို အစွမ်းပြမယ်လို့ ပြောပါတယ်။

မြန်မာမီဒီယာဂရု(ပ်) နဲ့ အပြည်ပြည်ဆိုင်ရာလက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) တို့ ဂျပန်မှာ ပြိုင်ပွဲ ၁၀ ပွဲ ထိုးသတ်ဖို့ စာချုပ် ချုပ်ဆိုထားပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဇော်လှိုင်

From : ဒီဗွီဘီ by ဇော်ဇော်လှိုင်

Originally published at - http://burmese.dvb.no/archives/212695

No comments:

Post a Comment