
တိုက်စစ်မှူး လာကာ ဇက်တီ အနေနဲ့ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေ တယ်လို့ လိုင်ယွန် အသင်း ဥက္ကဋ္ဌက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး လိုင်ယွန်အသင်းအနေနဲ့ ပြည်တွင်းပြိုင်ဘက်အသင်းဆီ ရောင်းချမယ့်အစား ပြည်ပကလပ်အသင်းတသင်းကို ရောင်းချဖို့ ဆန္ဒရှိနေတာပါ။
ဒါပေမယ့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းမှုပြုလုပ်တာ မရှိသေးလို့ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ လိုင်ယွန်အသင်းဥက္ကဋ္ဌက သတိပေး ပြောဆိုလိုက်တာပါ။
လာကာဇက်တီကို စပိန်ကလပ် အက်သလက်တီကိုအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဖီဖာက အပြောင်းအရွှေ့ ပိတ်ပင်ထားတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။
အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင် လာကာဇက်တီဟာ လိုင်ယွန်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/212530

No comments:
Post a Comment