ကားလင်း ဖလား ဗိုလ်လု ပွဲမှာ ရှုံးနိမ့် ခဲ့တဲ့ လီဗာပူး အသင်းက မတ် ၃ ရက် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ပြန်တွေ့ ရာမှာတော့ ၃ ဂိုးပြတ် သွင်းပြီး ရှုံးကြွေး ဆပ်လိုက် ပါတယ်။
ပထမပိုင်း ၃၄ မိနစ်မှာ လယ်လာနာနဲ့ ၄၁ မိနစ်မှာ မီလ်နာတို့က ဂိုးတွေ သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ထားပါတယ်။
ဒီပွဲမှာ လီဗာပူး ကစားသမားဟောင်း စတာလင်ကို မန်စီးတီး အသင်းက အသုံးပြု ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ လူစားလဲ ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၇ မိနစ်မှာ လီဗာပူးအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်း တတိယဂိုးကို ဖာမီနိုက သွင်းယူခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးနဲ့ လီဗာပူးတို့ ဘောလုံး ပိုင်ဆိုင်မှု ကွာဟချက် သိပ်မရှိ ခဲ့ပါဘူး။
ဒီပွဲရှုံးနိမ့်သွားတဲ့အတွက် မန်စီးတီးက အမှတ်ပေးဇယား ပထမနေရာက လက်စတာနဲ့ ၁၀ မှတ်ကွာ သွားပြီး ၂၇ ပွဲကစား ၄၇ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၄ နေရာနဲ့ လီဗာပူးကတော့ ၂၈ ပွဲကစား ၄၁ မှတ်နဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137906
No comments:
Post a Comment