
ဝက်စ်ဟမ်းရဲ့ အပ်တန်ပတ်ခ် ကွင်းမှာ တော့တင်ဟမ် ဟော့စပါးတို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး အမှတ်ပေး ဇယား ပထမ နေရာမှာ ရပ်တည်နိုင်မယ့် အခွင့်အရေးကို လက်လွှတ် လိုက်ရပါတယ်။
မတ်လ ၃ ရက် မနက်ပိုင်းက ယှဉ်ပြိုင်တဲ့ ဒီပွဲ ပထမပိုင်း ၇ မိနစ်မှာ ၀က်စ်ဟမ်း အသင်းက ရရှိတဲ့ ထောင့်ကန်ဘော ကနေတဆင့် အန်တိုနီယိုက ခေါင်းတိုက် သွင်းယူပြီး စပါးရဲ့အိပ်မက်ကို ရိုက်ချိုး လိုက်တာ ဖြစ်ပါတယ်။
ဒီပွဲမှာ စပါး အသင်းက ဘောလုံး ပိုင်ဆိုင်ခွင့် အသာစီး ရယူခဲ့ပေမယ့် ရှေ့တန်း တိုက်စစ်မှူးတွေ အခွင့်အရေးကို အသုံး မချနိုင်လို့လည်း ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဒီပွဲရှုံးနိမ့်သွားတဲ့ အတွက် စပါးအသင်းရဲ့ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက် ရရှိထားတဲ့ အနိုင်ဟာ ရပ်တန့် သွားရပါတယ်။
စပါးက ၂၈ ပွဲကစား ၅၄ မှတ်နဲ့ အမှတ်ပေး ဇယား ပထမနေရာက လက်စတာအောက် ၃ မှတ် အကွာ ဒုတိယနဲ့ ၀က်စ်ဟမ်း အသင်းကတော့ ၂၈ ပွဲကစား ၄၆ မှတ်နဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေ ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137900





No comments:
Post a Comment