မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 2, 2016

အေစီမီလန် ဂိုးပြတ်အနိုင်ရပြီး ကိုပါအီတာလီယာ ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)




အီတလီ စီရီးအေ ကလပ် အေစီမီလန် အသင်းက တတိယတန်း ကလပ် အလက်ဇန် ဒရီယာ အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ ရှိပြီး ကိုပါ အီတာလီယာ ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

မတ်လ ၁ ရက်နေ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ် ပထမပိုင်းမှာ အေစီမီလန်အသင်းက ဂျာရာမီး မန်နက်ဇ် ၂ ဂိုး၊ ရိုမက်နောလီက ၁ ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အလက်ဇန်ဒရီယာအသင်း ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို ဘာလော့တယ်လီက အေစီမီလန်အတွက် ၁ ဂိုး ထပ်မံသွင်းယူခဲ့လို့ ပွဲအပြီးမှာ အေစီမီလန်က ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အေစီမီလန်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားနိုင်ခဲ့သလို အလက်ဇန်ဒရီယာ အသင်းကလည်း ပရိသတ် ၁ သောင်း ၅ ထောင်လောက်ကို ဆန်ဆီရိုကွင်းကို ခေါ်ဆောင်လာခဲ့ပေမယ့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကျော့မှာ မီလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားခဲ့လို့ ၂ ပွဲပေါင်း ရလဒ် ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ အေစီမီလန်က အင်တာမီလန် ဒါမှမဟုတ် ဂျူဗင်တပ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137774


No comments:

Post a Comment