မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 2, 2016

နောဝစ်ခ်ျ ၁ – ၂ ချဲလ်ဆီး၊ အက်စ်တွန်ဗီလာ ၁ – ၃ အဲဗာတန် (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ကြားပွဲစဉ် အဖြစ် မတ်လ ၁ ရက်ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက နောဝစ်ခ်ျကို ၂ ဂိုး ၁ ဂိုး၊ အဲဗာတန်က အက်စ်တွန်ဗီလာကို ၃ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင် ရရှိ သွားပါတယ်။

ချဲလ်ဆီး အသင်းက ပထမပိုင်း ပွဲစစချင်း တမိနစ် မပြည့်ခင်မှာ ကနေဒီက အဖွင့်ဂိုး သွင်းယူ ခဲ့သလို ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ဒီယေဂို ကော်စတာက ၁ ဂိုး ထပ်မံသွင်းယူကာ ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ခဲ့ပါတယ်။

နောဝစ်ခ်ျကတော့ ဒုတိယပိုင်း ၆၈ မိနစ်မှာ ချေပဂိုးတဂိုး သွင်းယူခဲ့တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။

ပွဲစပြီး ၃၉ စက္ကန့်မှာ သွင်းယူတဲ့ ကနေဒီရဲ့ဂိုးကတော့ ပရီးမီးယားလိဂ် အမြန်ဆုံး ဂိုးတဂိုးလည်း ဖြစ်ခဲ့ပါတယ်။

နောဝစ်ခ်ျရဲ့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား တန်းဆင်းဇုန် နံပါတ် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။

ချဲလ်ဆီးကတော့ ၂၈ ပွဲကစား ၃၉ မှတ်နဲ့ နံပါတ် ၈ နေရာကို ရောက်လာပါတယ်။



အက်စ်တွန်ဗီလာနဲ့ အဲဗာတန်တို့ ပွဲစဉ်မှာတော့ အဲဗာတန်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဗာတန်အသင်းက ၅ မိနစ်မှာ ပထမဂိုး၊ မိနစ် ၃၀ မှာ ဒုတိယဂိုးသွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၆၀ မှာ အဲဗာတန်က တတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ၇၉ မိနစ်မှာ ဗီလာအသင်းက နှစ်သိမ့် ချေပဂိုးတဂိုး သွင်းယူပါတယ်။

ဒီပွဲမှာ အသင်းပိုင်ရှင်ကို ဆန္ဒပြတဲ့အနေနဲ့ ဗီလာအသင်း ပရိသတ်တွေ ပွဲချိန် ၇၄ မိနစ်မှာ ကွင်းထဲကနေ ထွက်ခွာသွားကြပါတယ်။

ဗီလာအသင်းကတော့ ၂၈ ပွဲကစား ၁၆ မှတ်သာရထားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေကာ တန်းဆင်းရဖို့ သေချာသလောက်ရှိသွားပြီ ဖြစ်ပါတယ်။

အဲဗာတန်ကတော့ ၂၇ ပွဲကစား ၃၈ မှတ်နဲ့ နံပါတ် ၁၀ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137771


No comments:

Post a Comment