
မတ် ၁ ရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လက်ဆက်စတာနဲ့ ၀က်စ်ဘရွန်း၊ ဆန်းဒါးလန်းနဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့ ၂ ဂိုးစီ သရေကျသွားပါတယ်။
ပထမပိုင်း ၁၁ မိနစ်မှာ ၀က်စ်ဘရွန်းက ၁ ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ထားခဲ့ပေမယ့် မိနစ် ၃၀ မှာ လက်ဆက်စတာက ဒရင့်ဝါးတားက ချေပဂိုးသွင်းယူလို့ တဂိုးစီ သရေကျခဲ့ပါတယ်။
ဒီနောက် ပထမပိုင်း နာကျင်အချိန်ပိုမှာ လက်ဆက်စတာအသင်းက ထပ်မံဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း မိနစ် ၅၀ မှာတော့ ၀က်စ်ဘရွန်းက ဂတ်နာ ချေပဂိုး ထပ်မံသွင်းယူပြီး ၂ ဂိုး စီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ လက်ဆက်စတာတို့ သွင်းတဲ့ဂိုးတွေ ဂိုးတိုင်ကိုထိ ပြန်ထွက်ခဲ့လို့လည်း သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲသရေကျတဲ့အတွက် လက်ဆက်စတာက ၂၈ ပွဲကစား ၅၇ မှတ်နဲ့ ဇယားကို ဦးဆောင်နေသလို တော့တင်ဟမ်ဟော့စပါးက ၂၇ ပွဲကစား ၅၄ မှတ်နဲ့ ဒုတိယနေရာက ရပ်တည်နေပါတယ်။
တခြားပွဲစဉ်ဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ရာမှာလည်း ၂ ဂိုး စီ သရေကျခဲ့ပါတယ်။
ပထမပိုင်း ၃၆ မိနစ်မှာ ဆန်းဒါးလန်းတို့ အဖွင့်ဂိုးသွင်းယူပြီး ၁ ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်း ၆၁ မိနစ်နဲ့ ၆၇ မိနစ်မှာ ပဲလေ့စ်က ၂ ဂိုးဆက်တိုက် သွင်းယူခဲ့တဲ့အတွက် ဆန်းဒါးလန်းတို့ နောက်ကနေ လိုက်ကစားခဲ့ရတာပါ။
ပွဲချိန် မိနစ် ၉၀ မှာ ဆန်ဒါးလန်းအသင်းက ချေပဂိုးသွင်းယူလို့ ၂ ဂိုးစီ သရေကျသွားပါတယ်။
ဆန်းဒါးလန်းအသင်းကတော့ ၂၈ ပွဲကစား ၂၄ မှတ်နဲ့ တန်းဆင်းဇုန်အထက် နံပါတ် ၁၇ မှာ ရပ်တည်နေသလို ပဲလေ့စ်ကတော့ ၂၈ ပွဲကစား ၃၃ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၁၄ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137765

No comments:
Post a Comment