
ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူ လိုတဲ့ အသင်းတွေ အနေနဲ့ ယူရို သန်း ၃၅၀ ပေးချေနိုင်မှ ခေါ်ယူနိုင် မယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးတဲ့ အချိန်က အခွန်ရှောင် ကိစ္စကြောင့် စပိန်ကနေ ထွက်ခွာ လိုနေ တယ်လို့ ပြောကြား ထားခဲ့တာ jဖစ်ပြီး ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းနဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းက ပြန်လည် aခ်ါယူဖို့ သတင်းတွေ ထွက်ပေါ်နေ ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသင်းမှာ မပျော်ရွှင် jဖစ်နေပေမယ့် အသင်း ပရိသတ် aတွနဲ့ အသင်းက ၅ နှစ် စာချုပ် အသစ် ထပ်မံ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေ ကြတာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ် မက်ဒရစ် အသင်း လာလီဂါ ဖလားနဲ့ ချန်ပီယံလိဂ် ဖလား ရရှိခဲ့ တာမှာ အဓိက ကစား သမားနေရာက ပါဝင် ခဲ့ပြီး အကောင်းဆုံး ကစားသမား ဆုတွေ ရရှိဖို့ ထိပ်ဆုံးက ထင်ကြေးပေး ခံနေရ သူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/213184





No comments:
Post a Comment