
မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာက ဘရာဇီး နောက်တန်း ကစားသမား ဒါနီ အဲဗက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေ တယ်လို့ ဗြိတိသျှ မီဒီယာ တွေမှာ ဖော်ပြ ထားပါတယ်။
နောက်တန်းလူ ဒါနီ အဲဗက်စ်ဟာ လောလောဆယ် ဂျူဗင်တပ် အသင်းမှာ ခြေစွမ်းပြ ကစားနေပါတယ်။
မန်စီးတီး နည်းပြဟာ တော့တင်ဟမ် ဟော့စပါး အသင်း နောက်ခံလူ ဝေါ်ကာကို ခေါ်ယူဖို့ ချိတ်ဆက် မှုတွေ လုပ်နေ ပါတယ်။
အသက် ၃၄ နှစ် အရွယ် အဲဗက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ဂျူဗီ အသင်းက ပေါင် ၅ သန်း ဝန်းကျင်လောက် အလိုရှိနေ ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုယာနဲ့ အဲဗက်စ်တို့ဟာ ဘာစီလိုနာအသင်းမှာတုန်းက ဆရာတပည့်တွေ ဖြစ်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/213184





No comments:
Post a Comment